Friday, September 6, 2019

Descendants of the Sun (2016)

Descendants of the Sun (2016) TV Series

Rating.8.5 (Fantasy, Romance)

Complete Series - 16Episodes 

(Zawgyi)

အာ႐ွအလယ္ပိုင္း ….
Urak(ဇာတ္ၫႊန္းဆရာ စိတ္ကူးထဲကႏိုင္ငံ) ကို ေနာက္ခံထားၿပီး
စစ္ေဘးနဲ႔ ေရာဂါကပ္ေဘး ေတြ က်ေရာက္ေနတဲ့ အခ်ိန္မွာ လူသားအခ်င္းခ်င္း ရိိုင္းပင္းမႈ စည္းလံုးမႈေတြကို ေဖာ္ၫႊန္းၿပီး
 ဒုကၡ ေတြၾကားမွာ အခ်စ္စစ္တစ္ခုေပါက္ဖြားလာပံုကို ဇာတ္အိမ္တည္ ႐ိုက္ကူးခဲ့ပါတယ္
 Alpha အဖြဲ႔ ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ယို႐ွီဂ်င္နဲ႔ Volunteer ဆရာဝန္မေလး
ဂန္မိုယြန္း တို႔ အမွတ္မထင္ဘဲ ဟဲေဆာင္ေဆးရံု မွာ စတင္ေတြ႔႐ွိခဲ့ရာကေန စၿပီး ဟာသေလးေတြနဲ႔ အခ်စ္ဇာတ္လမ္းကို ေတြ႔ျမင္ရမွာပါ
ထို႔ျပင္ ငယ္ငယ္တည္းက ဘဝနာခဲ့တဲ့ ဒုအရာခံဗိုလ္ေလး ဆိုးဒယ္ေယာင္း နဲ႔
ဗိုလ္မႉးခ်ဳပ္ႀကီး သမီးျဖစ္တဲ့ စစ္ဆရာဝန္မေလး ယြန္ေျမာင္ဂ်ိဳ တို႔ရဲ႕ ဘဝအေျခအေနမတူတဲ့
အခ်စ္ဇာတ္လမ္းကိုလည္း ခံစားရမွာျဖစ္ပါတယ္
အပိုင္းတစ္မွာ Running Man မွ လီဂြမ္ဆူ ဧည့္သည္ သ႐ုပ္ေဆာင္ထားၿပီး
အပိုင္းႏွစ္မွာ Shinee leader Owen က ဆရာဝန္ေလးအေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္
ဇာတ္လမ္းေလးကလည္းေကာင္း မင္းသား မင္းသမီး ေတြကလည္းေကာင္းလို႔ ၾကည့္သင့္တဲ့
ဇာတ္လမ္းတြဲတစ္ခုပါလို႔ ၫႊန္းခ်င္ပါတယ္။ အခုတေလာမွာ ၾကည့္ရႈသူဦးေရ တရစပ္ျမင့္တက္လာေနတဲ့
စီးရီးတစ္ခုျဖစ္ျပီး ထုိင္းဝန္ၾကီးခ်ဳပ္ကိုယ္တိုင္ ဒီကိုရီးယားဇာတ္လမ္းတြဲကို ထုိင္းႏိုင္ငံသားမ်ား ၾကည့္႐ႈၾကဖို႕
တုိက္တြန္းထားပါတယ္။တရုတ္မွာေတာ့ ၾကည့္ရႈသူဦးေရ ျမင့္တက္လာမႈေၾကာင့္ သတိေပးမႈေတြေတာင္
ျပဳလုပ္ထားတယ္လို႕ ၾကားသိရပါတယ္။
ဒီစီးရီးက အပိုင္း (၁၆ ပိုင္း) ထြက္ရွိခဲ့တာျဖစ္ျပီး ကြ်န္ေတာ္တို႕ Channel Myanmar ရဲ႕ Very First  ကိုရီးယားစီးရီးျဖစ္ခဲ့ပါတယ္။
(အညႊန္းကို Min Htet Khant Shar မွေရးသားထားတာပါ။
ဘာသာျပန္သူေတြကေတာ့ Eiz , LK , Carey Nyein , Little Neo,Kimchi  တို႕ျဖစ္ၾကျပီး အဲ့တုန္းက ပရိတ္သတ္ရဲ႕ေတာင္းဆုိမႈေတြ ေတာက္ေလွ်ာက္ျပင္းထန္ခဲ့လို႔ CM Family ေတြ အူယားဖားယား ဘာသာျပန္တင္ဆက္ခဲ့ရတာ အမွတ္ရစရာပါ။)

(Unicode)

အာရှအလယ်ပိုင်း ….
Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး
စစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိိုင်းပင်းမှု စည်းလုံးမှုတွေကို ဖော်ညွှန်းပြီး
ဒုက္ခ တွေကြားမှာ အချစ်စစ်တစ်ခုပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပါတယ်
Alpha အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယိုရှီဂျင်နဲ့ Volunteer ဆရာဝန်မလေး
ဂန်မိုယွန်း တို့ အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံ မှာ စတင်တွေ့ရှိခဲ့ရာကနေ စပြီး ဟာသလေးတွေနဲ့ အချစ်ဇာတ်လမ်းကို တွေ့မြင်ရမှာပါထို့ပြင် ငယ်ငယ်တည်းက ဘဝနာခဲ့တဲ့ ဒုအရာခံဗိုလ်လေး ဆိုးဒယ်ယောင်း နဲ့
ဗိုလ်မှူးချုပ်ကြီး သမီးဖြစ်တဲ့ စစ်ဆရာဝန်မလေး ယွန်မြောင်ဂျို တို့ရဲ့ ဘဝအခြေအနေမတူတဲ့
အချစ်ဇာတ်လမ်းကိုလည်း ခံစားရမှာဖြစ်ပါတယ်
အပိုင်းတစ်မှာ Running Man မှ လီဂွမ်ဆူ ဧည့်သည် သရုပ်ဆောင်ထားပြီး
အပိုင်းနှစ်မှာ Shinee leader Owen က ဆရာဝန်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းလေးကလည်းကောင်း မင်းသား မင်းသမီး တွေကလည်းကောင်းလို့ ကြည့်သင့်တဲ့
ဇာတ်လမ်းတွဲတစ်ခုပါလို့ ညွှန်းချင်ပါတယ်။ အခုတလောမှာ ကြည့်ရှုသူဦးရေ တရစပ်မြင့်တက်လာနေတဲ့
စီးရီးတစ်ခုဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒီကိုရီးယားဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံသားများ ကြည့်ရှုကြဖို့
တိုက်တွန်းထားပါတယ်။တရုတ်မှာတော့ ကြည့်ရှုသူဦးရေ မြင့်တက်လာမှုကြောင့် သတိပေးမှုတွေတောင်
ပြုလုပ်ထားတယ်လို့ ကြားသိရပါတယ်။
ဒီစီးရီးက အပိုင်း (၁၆ ပိုင်း) ထွက်ရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့ Channel Myanmar ရဲ့ Very First  ကိုရီးယားစီးရီးဖြစ်ခဲ့ပါတယ်။
(အညွှန်းကို Min Htet Khant Shar မှရေးသားထားတာပါ။
ဘာသာပြန်သူတွေကတော့ Eiz , LK , Carey Nyein , Little Neo,Kimchi  တို့ဖြစ်ကြပြီး အဲ့တုန်းက ပရိတ်သတ်ရဲ့တောင်းဆိုမှုတွေ တောက်လျှောက်ပြင်းထန်ခဲ့လို့ CM Family တွေ အူယားဖားယား ဘာသာပြန်တင်ဆက်ခဲ့ရတာ အမှတ်ရစရာပါ။) 

Trailer
 

 


No comments:

Post a Comment