Monday, April 20, 2020

Ordinary Love (2019)

(unicode)
လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် …နှောင်ဖွဲ့ကြတယ် …အချင်းချင်းတန်ဖိုးထားမြတ်နိုးကြတယ်… အဲ့အရာကိုဖော်ပြမှုပေါင်းစုံနဲ့ဖော်ပြကြတယ်… တစ်ချို့ကြ ပိုက်ဆံအကုန်ခံပြီး ပဲရစ်အထိခေါ်သွားတယ် တစ်ချို့ကြလက်ဆောင်ပစ္စည်းအမျိုးမျိုးနဲ့ ဖော်ပြကြတယ် …ဒါပေမယ့်နှစ်နှစ်ကာကာထဲထဲ၀င်၀င်ချစ်မိရင်တော့ ဖော်ပြမတတ်နိုင်အောင်ပါပဲသူ့အတွက်ဘာမဆိုလုပ်ပေးဖို့အသင့်ဖြစ်နေပြီး အဲ့ထဲမှာပဲ ကိုယ့်ရဲ့ identity အစစ်တောင်ပျောက်ဆုံးလုမတတ်ပါပဲ ဆိုလိုတာအပြင်ပန်းကကြည့်ရင်လူ့ဂွစာပုံစံပေါက်နေပြီးရင်ထဲမှာတော့ သေမတတ်ချစ်တဲ့လူစားမျိုးမြင်ဖူးကြမှာပါ….
ဒီဇာတ်လမ်းမှာတော့ တွမ်နဲ့ဂျုံးတို့ဟာ နှစ်ယောက်တစ်ဘ၀လေးတည်ဆောက်ပြီးနေတယ် ကြားထဲသမီးလေးဒတ်ဘီတစ်ယောက် မွေးဖွားခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲအကြောင်းတစ်စုံတစ်ရာကြောင့် ဒတ်ဘီလေးဆုံးသွားရှာတယ် …တွမ့်အတွက်တော့အရူးမီးဝိုင်းပါပဲ …သူသမီးကိုဆုံးရှုံးပြီးပြီ သူချစ်တဲ့ဒီတစ်ယောက်တည်းသောမိန်းမကိုတော့ သူထပ်အဆုံးရှုံးမခံနိုင်ဘူး…. သူ့ရင်ထဲကနှစ်နှစ်ကာကာချစ်သလောက် သူ့အပြုအမူတွေကနှစ်နှစ်ကာကာ မဖြစ်ခဲ့ပေမယ့်ဒီကားကိုအဆုံးထိကြည့်ပြီးတဲ့သူတွေသိမှာပါ …ကျုပ်တို့ရဲ့ မင်းသားကြီး Liam Neeson တစ်ဖြစ်လဲ တွမ်ကြီးဟာ သူ့မိန်းမအပေါ်ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ…
ရိုးရှင်းတဲ့သာမညအချစ်ဟာနေရာတိုင်းမယ်ရှိမယ် မထင်ပါဘူးဘာလို့ဆို ဒီလိုအချစ်မျိုးဟာဘယ်လောက်ထိပြောင်မြောက်လဲဆိုတာ…
IMDb 7 Rotten Tomatoes မှာ93% နဲ့လတ်ဆတ်နေတဲ့ Ordinary Love ကိုသာခံစားကြည့်ရှုကြပါကုန်..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်….
(zawgyi)
လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် …နှောင်ဖွဲ့ကြတယ် …အချင်းချင်းတန်ဖိုးထားမြတ်နိုးကြတယ်… အဲ့အရာကိုဖော်ပြမှုပေါင်းစုံနဲ့ဖော်ပြကြတယ်… တစ်ချို့ကြ ပိုက်ဆံအကုန်ခံပြီး ပဲရစ်အထိခေါ်သွားတယ် တစ်ချို့ကြလက်ဆောင်ပစ္စည်းအမျိုးမျိုးနဲ့ ဖော်ပြကြတယ် …ဒါပေမယ့်နှစ်နှစ်ကာကာထဲထဲဝင်ဝင်ချစ်မိရင်တော့ ဖော်ပြမတတ်နိုင်အောင်ပါပဲသူ့အတွက်ဘာမဆိုလုပ်ပေးဖို့အသင့်ဖြစ်နေပြီး အဲ့ထဲမှာပဲ ကိုယ့်ရဲ့ identity အစစ်တောင်ပျောက်ဆုံးလုမတတ်ပါပဲ ဆိုလိုတာအပြင်ပန်းကကြည့်ရင်လူ့ဂွစာပုံစံပေါက်နေပြီးရင်ထဲမှာတော့ သေမတတ်ချစ်တဲ့လူစားမျိုးမြင်ဖူးကြမှာပါ….
ဒီဇာတ်လမ်းမှာတော့ တွမ်နဲ့ဂျုံးတို့ဟာ နှစ်ယောက်တစ်ဘဝလေးတည်ဆောက်ပြီးနေတယ် ကြားထဲသမီးလေးဒတ်ဘီတစ်ယောက် မွေးဖွားခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲအကြောင်းတစ်စုံတစ်ရာကြောင့် ဒတ်ဘီလေးဆုံးသွားရှာတယ် …တွမ့်အတွက်တော့အရူးမီးဝိုင်းပါပဲ …သူသမီးကိုဆုံးရှုံးပြီးပြီ သူချစ်တဲ့ဒီတစ်ယောက်တည်းသောမိန်းမကိုတော့ သူထပ်အဆုံးရှုံးမခံနိုင်ဘူး…. သူ့ရင်ထဲကနှစ်နှစ်ကာကာချစ်သလောက် သူ့အပြုအမူတွေကနှစ်နှစ်ကာကာ မဖြစ်ခဲ့ပေမယ့်ဒီကားကိုအဆုံးထိကြည့်ပြီးတဲ့သူတွေသိမှာပါ …ကျုပ်တို့ရဲ့ မင်းသားကြီး Liam Neeson တစ်ဖြစ်လဲ တွမ်ကြီးဟာ သူ့မိန်းမအပေါ်ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ…
ရိုးရှင်းတဲ့သာမညအချစ်ဟာနေရာတိုင်းမယ်ရှိမယ် မထင်ပါဘူးဘာလို့ဆို ဒီလိုအချစ်မျိုးဟာဘယ်လောက်ထိပြောင်မြောက်လဲဆိုတာ…
IMDb 7 Rotten Tomatoes မှာ93% နဲ့လတ်ဆတ်နေတဲ့ Ordinary Love ကိုသာခံစားကြည့်ရှုကြပါကုန်..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်….
crd to channelmyanmar

No comments:

Post a Comment