ဒီ ရုပ်ရှင်ကတော့ အိပ်မက်တွေအကြောင်းကို စိတ်ဝင်စားသူတွေ ကြည့်ရှုသင့်တဲ့ dramatic thriller အမျိုးအစားပါ။
ဇာတ်လမ်းဇာတ်အိမ်က တော်တော်လေးထူးခြားတယ်လို့ ပြောရပါမယ်။
ရည်မှန်းချက်ကြီးတဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့
ဒေါက်တာ Richard Freeman က အိပ်စက်ခြင်းပညာရပ်မှာ လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
အိပ်စက်ခြင်း ပညာရပ်ကို လေ့လာတယ်ဆိုကတည်းက
အိပ်မက်ဆိုးတွေ အိပ်မက်ယောင်တာတွေ
အိပ်နေတုန်းဘီလူးစီးတယ်လို့ ပြောကြတဲ့ sleep paralysis အကြောင်းတွေပေါ့။
အဲ့ဒီလေ့လာမှုမှာ ပါဝင်အစမ်းသပ်ခံသူတွေက
ပန်းချီဆရာ Otis၊ ပရော်ဖက်ဆာ Freeman ရဲ့
အတန်းက ကျောင်းသူ Jo နဲ့ Freeman ရဲ့ ချစ်သူ Leigh တို့ပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အိပ်မက်နဲ့ လက်တွေ့က
မသဲကွဲတော့လောက်အောင် ဘယ်လိုဖြစ်ရပ်တွေ ဖြစ်လာမလဲဆိုတာကို
ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။
crd to channelmyanmar

No comments:
Post a Comment