Monday, March 30, 2020

Advantages of Travelling by Train (2019)

Ratingကောင်းတွေရရှိထားတဲ့ စပိန်Mystery, Thrillerဇာတ်ကားတစ်ကားပါ။
တစ်ကားလုံးခန့်မှန်းလို့မရတဲ့ဇာတ်လမ်းကြားမှာ
ဖုံးကွယ်ထားတဲ့ဇာတ်လမ်းတွေထည့်ပြီး စပရိုက်တွေထထလုပ်ပါတယ်။
အယ်ဒီတာအမျိုးသမီးတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ
သူ့ယောက်ျားဖြစ်သူရူးနှမ်းနေတာမြင်သွားတဲ့နောက်
စိတ်ကျန်းမာရေးဆေးခန်းပို့ပြီးအပြန် ရထား‌ပေါ်မှာ
စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ဆုံပြီး
ဆရာဝန်ကသူ့ကို စိတ်ဝင်စားစရာဇာတ်လမ်းတွေပြောပြပါတယ်။
ဆရာဝန်မှာပဲစိတ်ဝင်စားစရာဇာတ်လမ်းတွေရှိတာမဟုတ်ပဲ
အမျိုးသမီးမှာလည်းဇာတ်လမ်းတွေနဲ့ပါ။
ဘာဇာတ်လမ်းတွေလည်းဆိုတာ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး။
ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ။
(ရွံစရာကောင်းတဲ့အခန်းနှစ်ခန်းလောက်ပါတာမို့ ရွံတတ်ရင်အစာစားရင်မကြည့်ပါနဲ့)
ကြည့်ပြီးရင်အားရမယ့်ဇာတ်ကားတစ်ကားဆိုတာအသေအချာပါပဲ။
စပရိုက်လုပ်မယ့်သူမရှိရင် ဒီကားကစပရိုက်လုပ်ပေးပါလိမ့်မယ်။
crd to channelmyanmar

No comments:

Post a Comment