Saturday, October 19, 2019
Judgementall Hai Kya (2019)
(Unicode)
Google Users – 76%
IMDb – 6.2/10
Genere – Comedy, Drama, Thriller
Kanganaကို ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းလို့ အံ့မခန်းဖြစ်မိပါတယ်။
ဒီဇာတ်ကားထဲမှာတော့ ပုံရိပ်စစ်နဲ့ ပုံရိပ်ယောင် ကြား အမှန်အမှားခွဲခြားခက်နေတဲ့ မိန်းမတစ်ယောက် အနေနဲ့ မြင်ရမှာပါ။
မင်းသားကတော့ အားလုံးသိတဲ့ Rajkummar Raoပါ။
————————— ———————-
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းစစချင်းမှာ မိဘနှစ်ပါးရန်ဖြစ်နေတာကို ကွယ်ရာက ကြည့်နေတဲ့ ဘော်ဘီကို မြင်ရမှာပါ။
ဘော်ဘီဟာ အသက် ၈နှစ်ဝန်းကျင် မိန်းကလေးတစ်ယောက်။
မိဘနှစ်ပါး ရန်ဖြစ်နေတာကို မနေနိုင်လို့ ကြားက ဝင်ဆွဲရင်း မတော်တဆမှု တစ်ခု ဖြစ်ခဲ့ရတယ်။
ဒါဟာ သူ့ဇာတ်ရုပ်အတွက် မြစ်ဖျားခံရာ တစ်ခုဖြစ်သလို လာမယ့်ဇာတ်လမ်းအတွက် နိမိတ်ပြခန်း တစ်ခုလည်း ဖြစ်နေပါတယ်။
အရွယ်ရောက်လာတော့ သူဟာ အချစ်အကြောင်းမသိ၊ အလုပ်ထဲ စိတ်နှစ်နေတတ်သူ တစ်ယောက်၊ တခါတလေ စိတ်ဟာ ဖြစ်သင့်တာထက် ပိုလွန်ကဲသွားတတ်တယ်။
သူ့အလုပ်က အိန္ဒိယ တောင်ပိုင်းဇာတ်ကားတွေကို ဟင်ဒီအသံသွင်းရာမှာ အသံနဲ့ သရုပ်ဆောင်သူပေါ့။
အဲ့ဒီမှာ သူ့စိတ်ဟာ တစ်ခါတစ်လေ ဇာတ်ကောင်စရိုက်ဝင်သွားတတ်တယ်။
ဇာတ်ထဲ စိတ်နှစ်တတ်တာက တစ်ကြောင်းနဲ့ သူ့ရဲ့ ပုံမှန်စိတ် ချို့တဲ့တဲ့ ဝေဒနာတွေကြောင့်လည်း ဖြစ်တတ်တာပါ။
ဒီလိုနဲ့ တစ်နေ့မှာတော့ ကီရှော့ဗ်နဲ့ ရီမာဆိုတဲ့ အသစ်စက်စက် အိမ်ငှား လင်မယား ရောက်လာခဲ့ပါတယ်။
ကီရှော့ဗ်ကို တွေ့တိုင်း သူ ရင်ခုန်သံတွေ မြန်လာတယ်။
ကီရှော့ဗ်တို့ လင်မယားကို တိတ်တိတ်လေး ခိုးကြည့်တတ်တယ်။
သူဟာ ကီရှော့ဗ်ကို စိတ်ကူးယဉ်ပြီး တခါမှ မဖြစ်ဖူးတဲ့ စိတ်ကူးယဉ်မှုတွေ ဖြစ်လာတယ်။
ဒီလိုနဲ့ပဲ…. ကာမပိုင်ယောကျ်ားကိုမှ စွဲလမ်းမိတဲ့ သူဟာ…. ဘာဆက်လုပ်မလဲ။
ဘာဆက်ဖြစ်ကြမလဲ။
ဒီကြားထဲ လူသေမှုတစ်ခုနဲ့ ချိတ်ဆက်ပြီး စိတ်ဝင်စားစရာ ပိုကောင်းလာခဲ့ပါတယ်။
ကြည့်တိုင်းလည်း မမြင်နိုင်၊ မြင်တဲ့အတိုင်းလည်း အမှန်မဖြစ်နိုင်တဲ့ ဇာတ်ကားမို့ ခံစားကြည့်ကြပါဦးဗျာ။
————————————————
အညွန်းထဲမှာတော့ မင်းသားရဲ့ အကြောင်းတွေကို Spoiler မမိစေချင်လို့ မရေးချင်တော့ပါဘူး။
ဇာတ်လမ်းအစပိုင်းတွေမှာ 18+ နည်းနည်းဆန်နေလိမ့်မယ်။
လိင်ဆက်ဆံဖို့ စိတ်ဝင်စားလာတဲ့ ဇာတ်ရုပ်တွေ၊ ပြောစကားတွေဟာ မိဘတွေနဲ့အတူ ကြည့်ရှုဖို့ သင့်တော်မှာ မဟုတ်ပါဘူး။
တစ်ခုတောင်းဆိုရမယ်ဆို လျှာကို သွက်အောင် လေ့ကျင့်တဲ့ စာကြောင်းတစ်ချို့ကို ထည့်မရေးဖြစ်ခဲ့ပါဘူး။ ဒါလေးတော့ ခွင့်လွှတ်ပေးပါ။
(အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)
(Zawgyi)
Google Users – 76%
IMDb – 6.2/10
Genere – Comedy, Drama, Thriller
————————— ———————-
ဒီလိုနဲ့ပဲ…. ကာမပိုင်ယောက်ျားကိုမှ စွဲလမ်းမိတဲ့ သူဟာ…. ဘာဆက်လုပ်မလဲ။
ဘာဆက်ဖြစ်ကြမလဲ။
————————————————
crd to channelmyanmar
Trailer 
No comments:
Post a Comment